http://klosayhtoo.blogspot.com/2009/01/vs.html
ဒီလင့်ကိုဖတ်ပြီး ရေးတာပါဗျာ .. ဘလော့ပိုင်ရှင်က မော်ဒရိတ်လုပ်မှာဆိုတော့ တက်မတက် မသိလို့ ဒီမှာ ဆက်စပ်ထားတာပါ...
အေးဗျာ .. လူအမျိုးမျိုးဆိုတော့လည်း အမြင်အမျိုးမျိုးပေါ့ .. မှန်သလိုနှင့်မှား .. မှားသလိုနှင့်မှန် ... တဲ့ ကွန်းမန့်တွေ အစုံဖတ်ရတာ .. ဟိုလိုလို ဒီလိုလိုတွေတောင်ဖြစ်ကုန် တယ် ..
၁) .. အဓိက ကတော့ ကိုယ့်ရဲ့ကိုယ်ကျင့်တရားနှင့် တိုင်းတာအကောင်းဆုံးပါပဲ ..
၂) .. အခုဒီမှာလာပြီး ကွန်းမန့်ရေးနေတဲ့သူတွေက ဘယ်လိုလူတွေပါလဲ .. ကိုယ့်ဘာသာကိုယ် အရင် မေးကြည့်ပြီးကြပါပြီလား ..
၃) .. ကျွန်တော်ကလဲ သိပ်ကောင်းနေတဲ့သူမဟုတ်ဘူး .. ဒါကြောင့် သူများမဟုတ်တာလုပ်လို့ ပြောမယ်ကြံတိုင်း .. စဉ်းစားရတယ် .. ဘရိတ်အုပ်ရတယ် .. ပြီးတော့ အဲဒါနှင့် အနီးစပ်ဆုံးတိုက်ဆိုင်တဲ့ ကိုယ့်ရဲ့မကောင်းတဲ့အကျင့် တစ်ခုကိုရှာရတယ် .. တွေ့တယ်ဗျာ .. ပတ်ဝန်းကျင် ဘယ်နေရာက ဘယ်လိုမကောင်းတာကိုပဲတွေ့တွေ့ ၊ ကိုယ့်ဆီမှာ မြင်အောင်သာရှာ အဲဒိမကောင်းတဲ့ အကျင့်တွေရှိတယ်ဗျာ .. အကျိုးဆက်ကတော့ သူများကို မပြောဖြစ်တော့ဘူး .. ကိုယ့်ဘာသာကိုယ် ပြန်ရှက်မိရတယ် ..
၎) .. ဒီနေရာမှာ ပို့စ်တွေကိုဖတ်ပြီး လာရေးနေ ကြတဲ့သူတွေ၊ အချိန်ကုန်ခံပြီး ကိုယ်စီးမျောရာ ရေစီးကြောင်းကို အခြေခံပြီးပြောနေကြတာတွေဟာ အလကားတော့ မဟုတ်ဘူး .. လေးစားစရာတွေပါ .. စေတနာတစ်ခုကို အရင်းခံပြီး လာပြောနေကြတဲ့သူတွေ ကြည့်ပဲဆိုတာ လူတိုင်းနားလည်ပြီးသားပါ ..
၅) .. တည့်တည့်ပဲပြောတော့မယ် .. စေတနာ တစ်ကယ်အရင်းခံနှင့် ပြောချင်ဆိုချင်ကြတယ်ဆိုရင် .. ပြီးတော့ ခင်ဗျားတို့အားလုံးဟာ ကောင်းစေချင်တဲ့ စေတနာအပြည့်ရှိနေကြတယ်ဆိုရင် .....
***ဒီနေရာမှာလာပြီး ငြင်းခုံနေကြမယ့်အစား .. အခုပြောနေတဲ့အကြောင်းအရာရဲ့ အဓိက လူဖြစ်တဲ့ အဆိုတော်ကို ဆက်သွယ်ပြီး ၊ ခင်ဗျားတို့ရဲ့ သန်ရာ သန်ရာ စေတနာတွေနှင့် မေးမြန်းဆက်သွယ် ၊ ဖျောင်းဖျ ကြပြီး သူ့မှာ အခက်အခဲတွေရှိတယ်ဆိုရင် ၀ိုင်းပြီးဖြေရှင်းပေးလိုက်ကြပါလား ..
၆) ဒါဟာစေတနာအမှန်ပဲမဟုတ်ပါလား .. အဲတော့ဗျာ ဒီစာမျက်နှာတွေကို ကျောခိုင်းပြီး .. အဲဒိအဆိုတော်ကိုဆက်သွယ် ၊ ပြီးတော့ အင်တာဗျူးဗျာ .. ဒါတွေက ဘယ်လိုဖြစ်တာလဲ .. ဘာအခက်အခဲတွေရှိလဲ .. ဘာတွေ မကျေနပ်ဘူးလဲ .. လောကကို မြင်ထားတာက ဘာလဲ .. ဘာလဲ .. ဘာလဲ .. ဘာလဲ .. စသည်ဖြင့်ပေါ့ဗျာ .. အဲဒိအခါကျရင် သူကပြန်ပြောမယ် ... သူ့ရဲ့ အကျင့် ၊ ခံစားချက်၊ ပတ်ဝန်းကျင်အမြင် ..တွေ စသည်ဖြင့်ပေါ့ ...
၇) အဲဒိကျတော့ မှ နာမည်အမှန် .. အိမ်လိပ်စာအမှန် .. ဖုန်းနံပါတ်အမှန်တွေ ပြောပြီး .. ပေါ်တင်ဝေဖန် .. တိုက်ရိုက်ဝေဖန်ဗျ .. အဲဒိအတွက်ရော သွေးရှိကြပါသလား .. ? 
Sunday, 25 January 2009
ရပ်ပစ်လိုက်တော့ ...
Friday, 31 October 2008
"ရာမညတွင် ရာဇ၀င်"

"စာနာစိတ်"

Friday, 24 October 2008
ချစ် သူ အ တွက် ဥ ဒါန်း

"ယုန်ညို ဆီသို့"

"နှောင်ကြိုး ဖွဲ့ အိမ်"

"လွင့်တည်ရာ"

"ထာဝရ"

"နွေ ..... ထဲက ..... နွေ"

"သောက် ... တွန့်"

"သို့ ... အမှတ်တရ"


"မောင်"

"သိနိုင်စေ"

Thursday, 23 October 2008
"မစ္ဆရိယ အတွေး"


Monday, 17 September 2007
..... ကျောက်ဖြစ်အနမ်း .....
အို ... ချစ်သူ
ချစ်သူရဲ့ အနမ်းတစ်ပွင့် ၊
ငါ့ပါးမှာ ၀ဲမလွင့်ရင် ...
ညရဲ့ တစ်ဖက်ကမ်း ...
အိပ်မက်လမ်းကြမ်းမှာ ...
ငါဘယ်လို ဖြတ်သန်းရပါ့ ။ ... ။
အို ... ချစ်သူ
ချစ်သူရဲ့ အနမ်းတစ်ပွင့် ၊
တောင်ပံဖွင့် လိပ်ပြာအလွှင့်မှာ ...
ငါဟာ သက်မဲ့ ခန္ဒာတစ်ခုလို ...
မိန်းမောသွားလေရဲ့ ...
(ခေတ္တကျောက်ရုပ်လိုပေါ့) ။ ... ။
အို ... ချစ်သူ
ချစ်သူရဲ့ အနမ်းတစ်ပွင့် ၊
နေ့ရက်တိုင်း ငံ့လင့်လို့ ...
ခံစားခွင့် ထာဝရ ...
ငါသာရခဲ့ရင် ...
ချစ်သူရဲ့ ထံပါးမှာ ...
ထာဝရ ကျောက်ရုပ် ဖြစ်ရပါစေသား ။ ... ။
ငယ်ငယ်ကတည်းက သတိတယ ရှိမိတာ ဥတုသုံးရာသီထဲမှာ ဆောင်းတွင်းကိုပါ ... ညဘက်မှာ ချမ်းလွန်းလို့ မေ့မေ့ရင်ခွင်ထဲအတင်းတိုး ခြေထောက်ကိုကွေးပြီးလုံးနေအောင် နေပေမယ့် ချမ်းတဲ့အရသာက အိပ်နေတဲ့ သူကို လွှမ်းမိုးနိုင်တာကြောင့် အိပ်ယာထဲမှာ ရှူးရှူးပေါက်ပြီး ဖြတ်သန်းလာခဲ့ရတဲ့ ဆောင်းညတွေဟာ ဘယ်လောက်များခဲ့သလဲဆိုရင် တင်ပါးက အရှိုးရာတွေက သက်သေပဲလေ ။ စည်းကမ်းကြီးလှတဲ့ မိဘတွေကို ဆောင်းရာသီက နားမလည်တာလား ... ယားယားလေးကပဲ .. အကြောအားနည်းခဲ့လေသလား ... ဘယ်လိုပဲဖြစ်ဖြစ် အိပ်ချင်မူးတူးနှင့် မနက်အစောကြီးထပြီ ... မမတို့နှင့် မြူနှင်းတွေ ဝေနေတဲ့ကြားထဲမှာ ခရေပန်းထွက်ကောက် ရတာလည်း ဘ၀မှာ ပြန်တွေးလိုက်တိုင်း ကြည်နူးစရာတစ်ခုပါ ... ညဘက်မှာ ရှူးပေါက်ချလိုက် .. မနက်ဖက်မျာ ပန်းကောက်လိုက်နှင့် ဆောင်းကာလ တစ်ချို့ကိုကျောဖြတ်လာပြီးတဲ့နောက်မှာ .. ချစ်စရာကောင်းတဲ့ ဆောင်းဟာ .. ယားယားလေးကို ကြက်တောင်ကွင်းဆီကို နှင်းမြူရစ်သိုင်းခြုံပြီး ခေါ်ဆောင်သွားခဲ့ပြန်တယ်လေ ... ဆောင်းရဲ့ သမီးပျိုတွေနှင့် တွေ့ခွင့်ရခဲ့တဲ့ ချစ်စရာ မနက်ခင်းလေးတွေဟာလည်း ပြန်တွေးမိတိုင်း လွမ်းမောရစမြဲပါ .... အနွေးထည် နှင့် ဘောင်းဘီရှည်လေးတွေနှင့် ဆောင်းရာသီရဲ့ ဖက်ရှင်စတိုင်က ယားယားစိတ်ကြိုက်ပဲလေ ... ပြေးရင်း ၊လွှားရင်း ဆော့ရင်း ကစားရင်း နှင့် နောက်ဆုံး အကြော်တဲတစ်ခုမှာ ရေနွေးသောက်ကြ၊ အကြော်စားကြပြီး ငြင်းကြ၊ ခုန်ကြ စကားနိုင်လုကြရင်း အေးချမ်းတဲ့ ဆောင်းရဲ့အထိအတွေ့ကို ကျော်ဖြတ်ခဲ့ကြဖူးတယ်လေ ... နွေကာလရဲ့ ပူပြင်းခြောက်သွေ့မှုတွေကို ခါးဆီးခံခဲရတဲ့ .. မိုးရဲ့ စိုစွတ်မှုတွေကို အတင်းခြောက်သွေ့စေခဲ့ရတဲ့ လူသားတွေကို ဆောင်းရဲ့ နှင်းဝေတဲ့နံနက်ခင်းတွေက အေးချမ်းဆွတ်ပျံ့စွာ ကြည်နူးရသပေးခဲ့တယ်လေ .... ကြက်တောင်ရိုက် လိုက် ... ပြေးလိုက် ၊ လွှားလိုက်နှင့် အကြော်စား ရေနွေးသောက်ပြီးကျော်ဖြတ်ခဲ့တဲ့ ဟေမာန်ဆောင်းဟာ ... တစ်ဖြည်းဖြည်းနှင့် ယားယားလေးကို ကံ့ကော်ပင်အောက်ကို ရောက်စေခဲ့တယ်လေ ။ .... လူ့သမိုင်းဟောင်းရဲ့ မျိုးဆက်တစ်ခု ... လူ့သမိုင်းသစ်ရဲ့ မှတ်တိုင်တစ်ခု နှင့် ရှည်လျားလှတဲ့ သမိုင်းကြောင်းမှာ အထင်ကရ တည်ငြိမ်ရင့်ကျက် စွာပါဝင်ခဲ့တဲ့ ရန်ကုန်တက္ကသိုလ် ရဲ့ မပြာတော့တဲ့ ခုံတန်းတွေနှင့် သစ္စာရှိစွာ ပွင့်ခဲ့တဲ့ ၊ ပွင့်နေဆဲဖြစ်တဲ့ ကံ့ကော်ပင်တွေ အောက်မှာ ဆောင်းရဲ့ နံနက်ခင်းတွေကို ဖြတ်ကျော်ခဲ့ရပြန်တယ်လေ ။ သဘာဝမဟုတ်တဲ့ ငွေကြေးနှင့် ဆောင်းရဲ့ သဘာဝ ကံ့ကော်ပန်းတွေကို လဲလှယ်ပြီး နမ်းရှိုက်ခဲ့ရတာ ဟာလည်း သဘာဝ သရုပ်မပီပေမယ့် ယားယားအတွက်ကတော့ အိပ်မက်တစ်ခု အတည်ဖြစ်ခဲ့ရတာပါပဲလေ .... ပိုပြီးပြည့်စုံစေခဲ့တာကတော့ မေဂျာက သူငယ်ချင်းတွေနှင့် ချစ်ရတဲ့ ဆရာမ အပါအ၀င် ရှစ်မိုင်က စွယ်တော်ဘုရားမှာ ဆောင်းနံနက် မှာ လုပ်အားဒါန ပေးခဲ့ရတာ ဘ၀မှာ သတိတယ အဖြစ်ရဆုံး ဆောင်း နံနက်ခင်းတစ်ခုပေါ့ .......
Monday, 2 July 2007
မိုးတွေရွာရင် ဆိုတဲ့ခေါင်းစဉ်ကို မြင်လိုက်ရတော့ မျက်စိထဲမှာ .. ဘ၀တစ်သက်တာလုံး ကျော်ဖြတ်လာခဲ့ရတဲ့ မိုးဘ၀ .. မိုးအလှ .. တွေကို တမ်းတမိခဲ့ရတယ်လေ .... ဥတုသုံးရာသီမှာ မိုးကာလ ဟာ လူတိုင်းလိုလို အတွက် လွမ်းမော တသ . သတိယစရာတွေ အပြည့်ရှိနေမှာ အသေအချာပါပဲ ... ငယ်စဉ်က ကျောင်းသွားတဲ့ အချိန်မှာ မိုးတွေရွာရင် မိုးကာအိင်္ကျီလေးတွေဝတ်ပြီး မြေကြီးပေါ်က ရေစီးကြောင်းလေးတွေထဲမှာ ခြေထောက်ကလေးတွေ ကိုရေစိုအောင် ထားပြီး လမ်းကို ဖြည်းဖြည်းချင်း လျှောက်ရတာတွေ ၊ ဗွက်အိုင်လေးတွေကို တက်နင်းပြီး ဆော့ကစားခဲ့ရတာတွေ ၊ အိမ်ကလူကြီးတွေလာကြိုတဲ့ နေ့တွေဆိုရင် လွယ်အိတ်တွေ .. မိုးကာတွေ အကုန်ချွတ် ခဲ့ပြီးတော့ မိုးရွာထဲမှာ လက်နှစ်ဖက်ကို ဆန့်တန်းထားပြီး ပါးစပ်က ဒီ.................. ဒီ.................. ဒီ.................. လို့အော်ပြီး ပြေးခဲ့တာတွေဟာ ပြန်တွေးကြည့်လိုက်တိုင်း ကြည်နူးအမောလေးတွေ ဖြစ်ခဲ့ရပါတယ် ...
မိုးတွေ ရွာလာပြန်ပကောလား ....
မိုးကာအိင်္ကျီလေးတွေ ကို ထီးလေးတွေနှင့် လဲလှယ်ကိုင်တွယ်တတ်လာခဲ့တော့ ရေစီးကြောင်းလေးတွေနှင့် နဲနဲတော့ ဝေးလာခဲ့တယ်လေ .. အို ... မိုးတွေရွာနေပေမယ့် ၊ ဗွက်အိုင်လေးတွေ ရှိနေသေးပေမယ့် ခြေထောက်တွေက ဗွက်အိုင်လေး တွေကို ရှောင်ကွင်းပြီးလျှောက်နေပါရောလား .. အင်း ...
မိုးတွေရွာနေပြန်ပါရောလား ...
မိုးတွေရွာရင် ပျော်ခဲ့တဲ့ ငါ... မိုးတွေရွာရင် ကြည်နူးခဲ့ရတဲ့ငါ .. မိုးတွေရွာရင် ခံစားမှုအလှယ်လှယ်ဖြစ်ခဲ့တဲ့ငါ .. အခုတော့ မိုးတွေရွာရင် ..... ဆိုတဲ့ အကြောင်းတွေးပြီး အိပ်ပျော်သွားခဲ့တဲ့ငါဟာ မိုးကဗျာ ကို အခုလို .. စပ်ဆိုနေမိလေရဲ့ ....
ငါဟာ ..
ရက်များစွာအိပ်စက်လို .
့ ဖြူစင်တဲ့ အိပ်မက် ...
မြတ်နိုးစွာမက်နေတုန်း ...
ဗြုန်းခနဲ မိုးရွာအချမှာ ..
အိပ်မက်ဖြူဖြူ ရေတိုက်ယူလို့ ...
နှလုံးသားမှာ ဗွက်ထခဲ့ရပြီ ..
ဗွက်ထတဲ့နှလုံးသား မင်းရှောင်သွားနိုင်ပါတယ် ..
ငါကတော့ ဗွက်အိုင်ကို တက်နင်းရင် ..
ဖြူစင်ခြင်းကို သန့်စင်မယ် ...
သြော် ... မိုးတွေ ရွာရင် ဖြင့် .............. 
Sunday, 1 July 2007
အွန်လိုင်းချစ်သူ
ရင်မှဖြစ်တည် ငါ့အချစ်သည်
အွန်လိုင်းမှသည် ချစ်သူဆီသို့
ထိုးဖောက်လွင့်ပျံ သွားခဲ့ပြီ . . .
ချစ်သူရင်ကြား နှလုံးသားသို့
ခိုဝင်ပူးကပ် လူးယှက်ခဲ့သည့်
ငါ့၏ ချစ်ခြင်းများတို့သည် ...
မြေ ၌ တည်သော် ... ထိုမြေပြင်သည် ငြိမ်းချမ်းစေ ...
လေ ၌ နှင်သော် ... ပန်းရနံ့တို့ သင်းပျံ့စေ ...
မိုးသို့ ပျံ သော် ... ကြယ်တာရာတို့ လင်းလက်စေ ...
Wednesday, 20 June 2007
ဇွတ် ပဲ နော် !
တစ်ခါတုန်းက မြက်ရိတ်သမားတစ်ယောက်ရှိတယ်. သူကအရမ်းအပျင်းထူတယ် .. တစ်နေ့မှာ သူ့ရဲ့ အမျိုးသမီးက .. ပိုက်ဆံ မရှိလို့ မြက်သွားရိတ်ဖို့ပြောတော့ ထွက်လာခဲ့ရတယ်. ..
လမ်းမှာ တရား အရမ်းဟောချင်တဲ့ ဘုန်းကြီးတစ်ပါးနှင့် တွေ့တယ် ..
ဘုန်းကြီးက မျက်နှာ မကြည်လင်တဲ့ မြက်ရိတ်သမားကို တွေ့တော့ အကျိုးအကြောင်းမေးရင်းနှင့် အဖြစ်မှန်ကိုသိ သွားတယ် ။
ဒီတော့ မြတ်ရိတ်ရင် ရမယ့် ပိုက်ဆံ ငါးမူးကို ဘုန်းကြီးကပေးမယ် .. မြက်မရိတ်နှင့် တရားနားထောင်ရမယ်ပေါ့.
နှစ်ဦးသဘောတူပြီး တရားဟောတဲ့သူကဟော .. တရားနာတဲ့သူကနာနှင့် .. အချိန်က နှစ်နာရီကြာလည်း .. တရားက မပြီးသေး .. သုံးနာရီကြာလည်း မပြီးနှင့်ဆိုတော့ .. မြက်ရိတ်သမား က ဖင်ရွှေ့ .. ဖင်ရွှေ့ နှင့် နောက်ကို ဆုတ်ပြီး ထွက်ပြေးဖို့ ကြံစည်တော့တယ် .. ဘုန်းကြီးကလည်း မြက်ရိတ်သမားကို အလွတ်မပေးပဲ .. ဟိုလူက နောက်ဆုတ်ရင် သူက ရှေ့တိုးပြီးလိုက်တော့တာပဲ .. အဲလိုပဲ မြက်ရိတ်သမားက နောက်ဆုတ်လိုက် .. ဘုန်းကြီးကရှေ့တိုးလိုက်နှင့် ကျောင်းအောက်ကို ရောက် .. အဲ .. ပြီးတော့ ကျောင်းရေ့ကွက်လပ်ထဲကိုရောက် လာကြတယ် .. ကျောင်းရှေ့မှာက ရေတွင်းပျက်တစ်ခုရှိလေတော့ .. အနောက်ကို မကြည့်ပဲ တစ်ဖြည်း ဖြည်း ဆုတ်လာတဲ့ မြက်ရိတ်သမားဟာ ရေတွင်းထဲကို ကျသွားပါလေရော .. ဒီတော့ မှ ဘုန်းကြီးကလည်း ( တရားကို စိတ်ချ လက်ချ ဟောရတော့မယ် ဆိုတဲ့ စိတ်နှင့် ) ရေတွင်း နှုတ်ခမ်းမှာ ကျကျနန ထိုင်လိုက်တော့တယ် လေ..
Monday, 28 August 2006

Wednesday, 29 March 2006
"ဆန္ဒ"

"ရှင်သန်ခြင်း ချစ်သူ"
